ကြင်နာခြင်း
တစ်ဖဲ့လောက်ငဲ့ပါ..။
အကိုးမဲ့သောတောင်ယာဟောင်းမှာ
ရိုင်းသူတစ်ယောက်ရဲ့ လမ်းမဲ့သောဗိစပ်ကြမ်းတောရိုးကို
ဖြတ်လာသောအက်ရှရှလေသံနဲ့..
တိမ်တွေဖြန့်ခင်းသောချောင်းရေလွလွကို
ခပ်စိမ်းစိမ်းကြည့်ရင်းအော်တယ်..။
တောဟာ..
ငါလဲမင်းလိုပါပဲကွာဆိုသလို
မျက်နှာပေါင်းစုံက အသံတုံ့ပြန်တယ်..။
ဆန့်ချထားတဲ့သူ့လက်တွေ
မြေကြီးနဲ့ပိုနီးလာသလို..
နုန်းမြေမွမွကို
လွတ်သွားမှာစိုးသလို
အတင်းကုပ်ထားတဲ့သူ့ခြေချောင်းတွေ
ခပ်ယဲ့ယဲ့.. ပြေလျော့..
အသိတွေထုံလာတုန်း..
အလိုက်ကန်းဆိုးမသိတဲ့ပုစဉ်းရင်ကွဲတစ်ကောင်
စူးစူးရဲရဲအော်ပြန်ပေါ့..။
အကိုးမဲ့သောတောင်ယာဟောင်းမှာ
ရိုင်းသူတစ်ယောက်ရဲ့ လမ်းမဲ့သောဗိစပ်ကြမ်းတောရိုးကို
ဖြတ်လာသောအက်ရှရှလေသံနဲ့..
တိမ်တွေဖြန့်ခင်းသောချောင်းရေလွလွကို
ခပ်စိမ်းစိမ်းကြည့်ရင်းအော်တယ်..။
တောဟာ..
ငါလဲမင်းလိုပါပဲကွာဆိုသလို
မျက်နှာပေါင်းစုံက အသံတုံ့ပြန်တယ်..။
ဆန့်ချထားတဲ့သူ့လက်တွေ
မြေကြီးနဲ့ပိုနီးလာသလို..
နုန်းမြေမွမွကို
လွတ်သွားမှာစိုးသလို
အတင်းကုပ်ထားတဲ့သူ့ခြေချောင်းတွေ
ခပ်ယဲ့ယဲ့.. ပြေလျော့..
အသိတွေထုံလာတုန်း..
အလိုက်ကန်းဆိုးမသိတဲ့ပုစဉ်းရင်ကွဲတစ်ကောင်
စူးစူးရဲရဲအော်ပြန်ပေါ့..။
No comments:
Post a Comment