Geology '95 Intake (Dagon University)
ကျောင်းသားကျောင်းသူဟောင်းများနဲ့တကွ ဘူမိဗေဒနဲ့ဆက်နွယ်သူအားလုံးအတွက်...အလွမ်းပြေ..အပန်းပြေ..ဗဟုသုတရ..

Tuesday, May 17, 2011

ငါသွားသောက်ဖြစ်တဲ့ တိုကျိုမြို့ ကဘုံဆိုင်လေး..

ဇေကြီးရေ.......

မင်းတို့ နှင့်သွားသောက်ခဲ့တဲ့ ကြည်မြင့်တိုင်ညဈေးက ဘီအီးဆိုင်ကို လွမ်းတဲ့စိတ်နှင့်ပဲ အဲဒီဆိုင်နှင့် ပုံစံတူတဲ့ တိုကျိုမြို့ ပေါ်က ဘုံဆိုင်လေးကို ငါရောက်ဖြစ်ခဲ့တယ် သူငယ်ချင်း။ အဲဒီဆိုင်က တိုကျိုမြို့ ပေါ်က ယာကူဇာတွေကြီးစိုးတဲ့ ရှင်ဂျုကုမှာ(shinjuku)ရှိတယ်။ Jackie Chan ရဲ့ Shinjuku Incident ရုပ်ရှင်ကို မင်းကြည့်ဖူးလားမသိဘူး။ မကောင်းမှုဒုစရိုက်တွေ ကြီးစိုးတဲ့နယ်မြေပေါ့ကွာ..

ရှင်ဂျုကုဘူတာရုံရဲ့ အနောက်ဖက်ကထွက်ပြီး ၃မိနစ်လောက်လမ်းလျှောက်လိုက်ရင် အဲဒီဘုံဆိုင်လေး ကို ရောက်ပြီး။ ဆိုင်စုလေးတွေ အများကြီးပဲ။ ဆိုင်သေးသေးလေးတွေ ဆိုင်၃၀လောက်ရှိတယ်။ တဆိုင်ကို လူဆယ်ယောက်လဲပဲ ဆန့် တယ်။အရက်ဆိုင်၊ ခေါက်ဆွဲပြုတ်ဆိုင်၊ ခေါက်ဆွဲကြော်ဆိုင်၊အကင်ဆိုင် အစုံပဲ။ငါသောက်ဖြစ်တဲ့ဘုံဆိုင်က ဂျပန်အရက်(日本酒)ရောင်းတဲ့ ဆိုင်လေးပေါ့။ ငါ့မိတ်ဆွေ အကိုကြီးနှစ်ယောက်လည်းပါတယ်။ ငါတို့ ရောက်တော့ ဆိုင်ကဝက်သားစားလား လို့ မေးတယ်။စားတယ်လို့ ပဲ ပြန်ဖြေလိုက်တယ်။

အမြည်းကိုတော့ ရုံပတီးသီးကင်၊ ဝက်အူကင်၊ ကြက်အသဲအမြစ်ကင်၊ အမဲအူပြုတ်၊ အရက်ကို ဆာကေးမှာလိုက်တယ်။ ရုံပတီးသီးတွေကို ဝက်အူတွေပြုတ်ထားတဲ့ အရည်အိုးထဲ နှစ်ပြီးမှကင်တယ်။ အဲဒါကြောင့် ဝက်သား စားလားလို့  မေးတာကိုး။ အမြည်းမရောက်ခင်မှာပဲ အရက်လာချတော့ ကမ်းပိုင့် (ဂျပန်လို cheer) လုပ်ပြီး စသောက်ကြတာပေါ့။

ဇေကြီးရေ.....

ငါအကြောင်းသိတယ်မို့ လား? ငါကမသောက်ပဲနှင့်လည်း တစ်လ၊တစ်နှစ်နေရင်နေနိုင်တယ်။ ဒါပေမဲ့ တစ်ခွက်ဝင်ပြီးရင်တော့ မရတော့ဘူး။ မမူးမချင်းသောက်တော့တာပဲ။တော်ရုံသောက်လို့ မမူးတော့လည်း တော်တော်သောက်ရတာပေါ့။

ဒီလိုနှင့်ပဲ အမြည်းကလေးစားလိုက်၊ အရက်ကလေးသောက်လိုက်နှင့် အာသွက်လျှာသွက်ဖြစ်လာပြီး စကားကတော်တော် များလာတယ်။ ဆိုင်ထဲမှာကလည်း ငါတို့ ဝိုင်းအပြင် အဘိုးကြီးလင်မယားကတဝိုင်း၊ အခြားသုံးယောက်လောက်ပဲရှိတယ်။ ဆိုင်ကကျဉ်းတော့ အဲဒီလောက်ပဲ ဆန့် တယ်။ စကားပြောတာ တဖြည်းဖြည်းနှင့် အသံကျယ်လာတော့ ဘေးဝိုင်းက အဘိုးကြီးလင်မယားက "မင်းတို့ ဘယ်နိုင်ငံကလဲ ? "မေးတော့ "မြန်မာနိုင်ငံ" ကလို ပြန်ဖြေလိုက်တယ်။ "မသိဘူးတဲ့ " ။ အရင်က ဗမာနိုင်ငံလို့ ခေါ်တယ်ပြောတော့မှ "သိပြီးသိပြီး ++++စန် (ဦး/ဒေါ်)တို့ နိုင်ငံက မဟုတ်လားတဲ့? "

သြော်ငါတို့ နိုင်ငံမှာ ကမ္ဘာနှင့်ချီပြီး သိတဲ့လူရှိတာပဲ။

အရက်သောက်တာအရှိန်ရလာတော့ တက္ကသိုလ်ကျောင်းသားဘဝအကြောင်း၊ ချစ်ဦးသူရဲ့  အကြောင်း နှလုံးသားခံစားချက်တွေကို ရင်ဖွင့်ကြတာပေါ့။ အဲဒီမှာပဲ ငါ့သူငယ်ချင်းပြောတဲ့စကားကနေ မှတ်သားစရာတွေရခဲ့တယ်။" မိန်းမတွေရဲ့ အရွယ်တွေကို ဘောလုံးနှင့် ခိုင်းနှိုင်းပြတယ်။ အသက်နှစ်ဆယ်အရွယ်ကို ဘောလုံးနှင့်တူတယ်တဲ့။ ဘာဖြစ်လို့ လဲဆိုတော့ သူ့ ကိုဝိုင်းလုနေတာ ၂၂ယောက်လောက်တောက်ရှိတာကိုး။ နှစ်ဆယ့်ငါးနှစ်ကျတော့ ဘတ်စကတ်ဘောလုံး၊ သုံးဆယ်အရွယ်ကျတော့ တင်းနစ်ဘောလုံး၊ သုံးဆယ်ကျော်ပြီးဆိုရင်တော့ ဂေါက်သီးဖြစ်သွားပြီး။ ရိုက်မဲ့လူကတော့ တစ်ယောက်ပဲရှိတော့တယ်တဲ့။" ငါပြောတာမဟုတ်ဘူးနော်။ အသက်၃၀ကျော် အပျိုကြီးသူငယ်ချင်းတွေက ငါ့ကိုဝိုင်းရိုက်မှာစိုးလို့ ။

စကားကလည်းပြောလို့ ကောင်းသလို၊ အရက်ကလည်း တော်တော်သောက် လို့ ကောင်းတယ်။ တော်တော်လည်း မူးနေပြီးဆိုတော့ ငွေရှင်းပြီး ပြန်ကြတာပေါ့။ ဘုံဆိုင်နှင့် နှစ်ဆိုင်ကျော်မှာ ခေါက်ဆွဲကြော်ဆိုင်ေ တွ့ တော့ စားချင်တာနှင့်ပဲ ဝင်စားဖြစ်တယ်။ ပူပူနွေးနွေးဆိုတော့ စားလို့ ကောင်းသား။ မူးနေတာကြောင့်လည်း ဖြစ်နိုင်တယ်။ စားရင်းနှင့်ပဲ ဆိုင်ရှင်အဘွားကြီးနှင့် စကားပြောဖြစ်တော့ "ဆိုင်သက်တမ်းဘယ်လောက်ရှိပြီးလဲ"လို့ မေးလိုက်တယ်။ မျိုးဆက်သုံးခု ရှိပြီးတဲ့။ အထဲမှာ ကြော်ချက်နေတဲ့သူကိုတွေ့ တော့ "ခင်ဗျားသားလား"လို့ မေးတော့ အဘွားကြီးကမျက်စောင်းထိုးတယ်။ ရိုက်မထုတ်တာ ကံကောင်းတယ်။သူ့ ယောင်္ကျားတဲ့။ ဟဲဟဲ လွဲလိုက်ပုံများ။ မြန်မြန်စားပြီးတော့ ငွေရှင်းပြီ်း ဘူတာရုံ ကို ပြေးတော့တာပဲ။ဘူတာရုံမှာပဲ လူစုခွဲပြီး အိမ်ပြန်ကြတယ်။

ရထားပေါ်ရောက်တော့ မတ်တပ်ရပ်ပဲ စီးဖြစ်တယ်။ ထိုင်စီးဖြစ်ရင် မူးမူးနှင့် အိပ်ပျော်သွားမှာ စိုးလို့ ။ နှစ်ဘူတာစီးပြီးတော့ ညောင်းညောင်းနှင့် ဝင်ထိုင်လိုက်တာ အိပ်ပျော်သွားတယ်။ ဘူတာရုံစောင့် လာနှိုးတော့ မှပဲ နိုးတော့တယ်။အိပ်ချင်မူးတူး၊ အရက်မူးမူးနှင့် ရထားအပြင်ထွက်လိုက်တော့..... တော်သေးတာပေါ့ ..ငါဆင်းရမဲ့ဘူတာပဲ။ (တိုကျိုမြို့ ပတ်ရထားမှာ ဂိတ်ဆုံးဘူတာရုံ သုံးခုရှိတယ်။ နှစ်ခုက ငါ့အိမ်နှင့် လမ်းလျောက်ရင် ဆယ်မိနစ်ပဲ။ ကျန်တဲ့တစ်ခုက အခြားတဖက်မှာ တော်တော်ဝေးတယ်) ရထား တိုကျိုမြို့ ကိုပတ်နေတာ နှစ်ပတ်တောက်ရှိပြီး။ နံနက်၁နာရီတောင်ထိုးနေပြီး။ ဘူတာရုံကနေ အိမ်ကို လမ်းလျောက်ပြန်ပေါ့။ကောင်းကင်ကို မော့ကြည့်တော့မှပဲ ဝိုင်းစက်နေတဲ့ လမင်းကြီးကို တွေ့ တော့တယ်။ လပြည့်နေပဲ။

ဇေကြီးရေ....

ငါနေချင်တာက အေးမြတဲ့ လရိပ်အောက်မှာ၊ နေနေရတာက ပူလောင်တဲ့ နီယွန်မီးတွေရဲ့ အောက်မှာ။ မူးမူးနှင့် ငါရဲ့ အိမ်အပြန်လမ်းမှာ လမင်းကြီးကထိန်ထိန်သာနေပေမဲ့ အေးမြတဲ့လရိပ်တွေကတော့ ပျောက်ဆုံးနေဆဲပါပဲ။

by Kyaw Zay Myint on Friday, 03 September 2010 at 19:41
@ Facebook

No comments:

Post a Comment