Geology '95 Intake (Dagon University)
ကျောင်းသားကျောင်းသူဟောင်းများနဲ့တကွ ဘူမိဗေဒနဲ့ဆက်နွယ်သူအားလုံးအတွက်...အလွမ်းပြေ..အပန်းပြေ..ဗဟုသုတရ..

Wednesday, December 26, 2018

Rare Earth Metals : မျက်မှောက်ကမ္ဘာစီးပွားရေးအခင်းအကျင်း နှင့် ပုဂ္ဂလိကကဏ္ဍရိုက်ခတ်မှု


၂၀၁၈ ဇန်န၀ါရီ ၂၃ မှာ ပြည်ပက၀ယ်ယူတင်သွင်းနေရတဲ့ ဆိုလာပြားတွေကို ၃၀%အခွန်ကောက်ခံမယ်လို့ အမေရိကန်က သတ်မှတ်ခဲ့ပါတယ်..
ဒီနေရာမှာ အဓိကထိခိုက်ရသူကတော့ ဆိုလာပြားတွေအများဆုံးထုတ်လုပ်ရောင်းချနေတဲ့ တရုတ်နိုင်ငံပဲ ဖြစ်ပါတယ်..
ဒီဖြစ်စဉ်ဟာ အခုအချိန်မှာ ပိုမိုပြင်းထန်လာတဲ့ တရုတ် အမေရိကန် ကုန်သွယ်ရေး စစ်ပွဲလို့တင်စားကြတဲ့ ဖြစ်စဉ် ရဲ့အစပဲဖြစ်ပါတယ်..
အဲဒီနောက်ပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ညွှန်ကြားချက်အရ U.S Trade Representative ရုံးကနေ July လမှာ ထုတ်ပြန်တဲ့ အခွန်မြှင့်တင်ကောက်ဖို့လျာထားစာရင်းထဲမှာတော့ Rare earth လို့ခေါ်တဲ့ မြေရှားဒြပ်စင်တွေနှင့် ဒြပ်ပေါင်းတွေ၊ rare earth oxides နဲ့ chlorides တွေပါဝင်လာခဲ့ပါတယ်..
တကယ်တော့ ဒီ ပစ္စည်းတွေဟာ အမေရိကန်နိုင်ငံရဲ့ US Department of Interior ကနေကြေငြာထားတဲ့ အမေရိကန်အတွက် အရေးကြီးသတ္တု ၃၅ မျိုးထဲမှာပါဝင်တဲ့တွင်းထွက်တွေပဲဖြစ်ပါတယ်..
ဒါ့အပြင်အမေရိကန်ရဲ့ စစ်ရေးနဲ့စက်မှုလုပ်ငန်းတွေအတွက်မဖြစ်မနေအရေးပါတဲ့သတ္တုတွေဖြစ်ပြီး မဖြစ်မနေ တရုတ်ကနေတင်သွင်းနေရတဲ့တွင်းထွက်တွေဖြစ်တဲ့အတွက် အားလုံးအတွက်စိတ်ဝင်စားမှုမြင့်တက်လာစေခဲ့ တဲ့ထုတ်ပြန်မှုလဲဖြစ်ခဲ့ပါတယ်..
၂၀၁၈ July လ ၁၃ ရက်နေ့က South China Morning Post မှာဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ကဆိုရင် အမေရိကန်ဟာ သူ့ခြေထောက်ကို သူသေနတ်နဲ့ပြန်ပစ်နေသလားလို့တောင်မေးခွန်းထုတ်ထားတာတွေ့ ရပါ တယ်..
တကယ်လဲဒီ REE ထုတ်ကုန်တွေဟာ အမေရိကန်အတွက်အတော်အရေးပါတဲ့အရာတွေပါ..
စကမ်ဒီယမ် နဲ့ အလူမီနီယမ်သတ္တုစပ်တွေဟာ အလေးချိန်ပေါ့တဲ့ စက်ဘီးဖရိမ်တွေကနေ တိုက်လေယာဉ်တွေ အထိအသုံးပြုနေရတာမျိုးဖြစ်ပါတယ်..
ဆီယီရမ်ဒြပ်ပေါင်းတွေဟာဆိုရင်လဲ မီးခြစ်ဘူးတွေကနေ ဖန်ပြားတီဗီ နောက်ပြီ စွမ်းအင်သုံးစွဲမှုလျှော့ချပေးတဲ့ မီးသီးတွေထိသုံးစွဲနေရတာပါပဲ..
ဒီလိုပဲ နီယိုဒီမီယမ်နဲ့လုပ်ထားတဲ့ သံလိုက်တွေဟာဆိုရင် Apple ထုတ်ကုန်တွေရဲ့ အသံပိုင်းဆိုင်ရာအစိတ်အပိုင်း တွေအဖြစ်သုံးစွဲနေရသလို စစ်ရေးအတွက် စမတ်ဗုံးတွေရဲ့ လမ်းညွှန်စနစ်တွေမှာလဲ မပါမဖြစ်သုံးနေရတာပဲ ဖြစ်ပါတယ်..
American Security Project ရဲ့ သုတေသနလက်ထောက် Emily Coppel ရဲ့ ၂၀၁၁ ဖေဖော်ဝါရီ ၁ရက်နေ့ရက်စွဲနဲ့ရေးသားထားတဲ့ Rare Earth Metals and U.S National Security ဆိုတဲ့စာတမ်းအရ အမေရိကန်ပြည်ထောင်စုရဲ့ စွမ်းဆောင်ရည်ပြည့်ဝတဲ့ လက်နက်အများစုကို ထုတ်လုပ်ဖို့အတွက် တရုတ်ကို လုံးဝ မှီခိုထားရတယ်လို့ဆိုပါတယ်.. ဒါပေမယ့်ပင်တဂွန်တာဝန်ရှိသူတွေကတော့ ကမ္ဘာ့ Rare Earth Metal Supply ရဲ့ ၅ % ကိုပဲ ကာကွယ်ရေးအတွက်သုံးတယ်လို့ဆိုကြောင်း ၂၀၁၀ အောက်တိုဘာ ၃၀ ကထွက်တဲ့ Guardian သတင်းစာမှာဖော်ပြထားတယ်လို့ဆိုပါတယ်..
အဲ့ဒီအချိန်ကာလတွေမှာတော့ အမေရိကန်ပြည်ထောင်စုဟာသူ့ရဲ့ အထင်ကရ Rare earth mine ကြီးတစ်ခု ဖြစ်တဲ့ Mountain Pass Mine ကြီးကို အကြောင်းကြောင်းကြောင့်ပိတ်လိုက်ရတဲ့နောက်ပိုင်းမှာ တရုတ်ရဲ့ REE ထုတ်ကုန်တွေကိုပဲအားကိုးရတဲ့ အဖြစ်ကိုရောက်သွားခဲ့တယ်လို့ထောက်ပြကြတဲ့အသံတွေဆူညံနေတဲ့ကာလ တွေပါ..
တကယ်တော့ Mountain Pass Mine ကြီးဟာလဲ REE ထုတ်လုပ်မှုသမိုင်းကြောင်းမှာ အထင်ကရရှိခဲ့တဲ့ Mine ကြီးတစ်ခုပဲဖြစ်ပါတယ်.. တစ်ခေတ်တစ်ခါ ၁၉၆၀ ပြည်လွန်နှစ်များကနေ ၁၉၈၀ ပြည့်လွန်နှစ်များထိ Rare Earth Metal ထုတ်လုပ်မှုမှာ Mountain Pass ခေတ်ရယ်လို့ထိညွှန်းဆိုခဲ့ရတဲ့ Mine ကြီးပဲဖြစ်ပါတယ်.. ထိုစဉ်က တရုတ်ပြည်ရဲ့ REMထုတ်လုပ်မှုဟာ အမေရိကန်ပြည်ထောင်စုနဲ့ယှဉ်ရင် မဆိုသလောက်ပဲရှိခဲ့တာပဲဖြစ်ပါတယ်..
ပုံအမှတ် (၁) မှာ ကြည့်ရှုနိုင်ပါတယ်.. ပုံကိုအောက်ပါလင့်ကနေရယူထားပါတယ်..
https://tradepolicy.wordpress.com/…/china-loses-wto-rare-e…/

Mountain Pass သတ္တုသိုက်ကို ၁၉၄၉ ခုနစ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး ၁၉၅၂ ခုနစ်မှာတော့ အသေးစားထုတ်လုပ်မှု စတင်ခဲ့ပါတယ်.. ၁၉၆၀ ပြည့်လွန်နှစ်များမှာတော့ ထုတ်လုပ်မှုပိုမိုတိုးချဲ့လာခဲ့ပါတယ်.. အကြောင်းကတော့ ဒီမိုင်း ကထွက်ရှိတဲ့ Europium တွင်းထွက်များကို အဲဒီအချိန်မှာခေတ်စားလာခဲ့တဲ့ ရောင်စုံTV တွေထုတ်လုပ်ရာမှာ သုံးစွဲလာခဲ့ကြလို့ပါပဲ.. ၁၉၆၅ ကနေ ၁၉၉၅ ခုနှစ်အကြား ပိုမိုကြီးမားတဲ့ထုတ်လုပ်မှုတွေလုပ်ဆောင်ခဲ့ပြီးတော့ ကမ္ဘာ့အများဆုံးထုတ်လုပ်ရောင်းချမှုအဖြစ်နေရာယူခဲ့ပါတယ်..ဒါပေမယ့် ၂၀၀၂ ခုနှစ်ကိုရောက်ရှိချိန်မှာတော့ ပါတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာပြသနာတွေကြောင့် ဒီသတ္တုတွင်းကြီးရဲ့ ထုတ်လုပ်မှုကို ရပ်နားခဲ့ရပါတယ်..
အဲဒီနောက်ပိုင်းမှာတော့ တရုတ်နိုင်ငံရဲ့ REE ထုတ်ကုန်တွေဟာ ကမ္ဘာဈေးကွက်မှာ ပြိုင်ဘက်မရှိကြီးစိုး သွားကြတော့တာပါပဲ..
ဒါပေမယ့် ၂၀၀၇ ခုနစ်မှာ တရုတ်ဟာ သူ့ရဲ့ REE တင်ပို့မှုတွေအပေါ်စတင်ပြီး ထိမ်းကွပ်မှု တွေလုပ်လာပါတယ်..
ဒီလိုနဲ့ ၂၀၁၀ မှာ နယ်ကျော်လာတဲ့ တရုတ်ငါးဖမ်းသင်္ဘောတွေကို ဂျပန်ကဖမ်းခဲ့ရာမှာ တရုတ်ဟာ REE ကုန်သွယ်မှုကို လက်နက်တစ်ခုအဖြစ်ပါသုံးစွဲလာတယ်လို့ ကမ္ဘာကထင်မြင်လာရတဲ့အထိဖြစ် လာခဲ့ပါတယ်.. တရုတ်က REE ဂျပန်ကိုတင်ပို့မှုကို တရားဝင်မဟုတ်ပေမယ့် တားမြစ်လိုက်တာကိုး..
ဂျပန်ကို REE မရောင်းခြင်းဟာ အမေရိကန်ကိုလဲ သွယ်ဝိုက်ထိခိုက်ခဲ့တာတွေရှိခဲ့တယ်လို့ဆိုပါတယ်.. ဘာလို့လဲ ဆိုတော့ အမေရိကန်မှာသုံးစွဲမယ့် Rare earth ပါတဲ့ သံလိုက်တွေဟာ ဂျပန်မှာထုတ်တာမလို့ပါပဲ..
ဒီလိုနဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ သိပ္ပံ အာကာသ နှင့် နည်းပညာဆိုင်ရာကော်မီတီက Rare earth industry နဲ့ပါတ်သက်လို့ပြန်လည်သုံးသပ်မှုတွေကို ၂၀၁၀ စက်တင်ဘာလထဲမှာ ပြုလုပ်လာခဲ့ပါတယ်.. ဒါဟာ Mountain Pass mine ကိုပြန်လည်အသက်သွင်းဖို့ဖြစ်စေခဲ့တယ်ပဲဆိုရပါမယ်..
အဲဒီနောက်ပိုင်းမှာတော့ တရုတ်နိုင်ငံရဲ့ REE ထုတ်ကုန်တွေဟာ ကမ္ဘာဈေးကွက်မှာ ပြိုင်ဘက်မရှိကြီးစိုး သွားကြတော့တာပါပဲ.. ဒါပေမယ့် ၂၀၀၇ ခုနစ်မှာ တရုတ်ဟာ သူ့ရဲ့ REE တင်ပို့မှုတွေအပေါ်စတင်ပြီး ထိမ်းကွပ်မှု တွေလုပ်လာပါတယ်.. ဒီလိုနဲ့ ၂၀၁၀ မှာ နယ်ကျော်လာတဲ့ တရုတ်ငါးဖမ်းသင်္ဘောတွေကို ဂျပန်ကဖမ်းခဲ့ရာမှာ တရုတ်ဟာ REE ကုန်သွယ်မှုကို လက်နက်တစ်ခုအဖြစ်ပါသုံးစွဲလာတယ်လို့ ကမ္ဘာကထင်မြင်လာရတဲ့အထိဖြစ် လာခဲ့ပါတယ်.. တရုတ်က REE ဂျပန်ကိုတင်ပို့မှုကို တရားဝင်မဟုတ်ပေမယ့် တားမြစ်လိုက်တာကိုး..
ဂျပန်ကို REE မရောင်းခြင်းဟာ အမေရိကန်ကိုလဲ သွယ်ဝိုက်ထိခိုက်ခဲ့တာတွေရှိခဲ့တယ်လို့ဆိုပါတယ်.. ဘာလို့လဲ ဆိုတော့ အမေရိကန်မှာသုံးစွဲမယ့် Rare earth ပါတဲ့ သံလိုက်တွေဟာ ဂျပန်မှာထုတ်တာမလို့ပါပဲ..
ဒီလိုနဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ သိပ္ပံ အာကာသ နှင့် နည်းပညာဆိုင်ရာကော်မီတီက Rare earth industry နဲ့ပါတ်သက်လို့ပြန်လည်သုံးသပ်မှုတွေကို ၂၀၁၀ စက်တင်ဘာလထဲမှာ ပြုလုပ်လာခဲ့ပါတယ်.. ဒါဟာ Mountain Pass mine ကိုပြန်လည်အသက်သွင်းဖို့ဖြစ်စေခဲ့တယ်ပဲဆိုရပါမယ်..
ဒီသတ္တုတွင်းကြီးရဲ့ မူလပိုင်ရှင် Moly Corp ဟာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းတွေပြန် လည်စတင်ဖို စီစဉ်ခဲ့ပါတယ်.. ၂၀၁၁ ခု ဒုတိယနှစ်ဝက်မှာ လုပ်ငန်းတွေပြန်စဖို့ပြင်ဆင်ခဲ့ပါတယ်.. Rare earth metal ၀ယ်လိုအားကလဲဈေးကွက်ထဲမှာ မြင့်မားနေခဲ့ပါတယ်.. ၂၀၁၂ မှာ ဈေးကွက်ထဲမှာ REE နဲ့ပါတ်သက်ပြီး ပြသနာရှိနိုင်တယ်လို့ ခန့်မှန်းသူကလဲ ခန့်မှန်းနေကြပါပြီ.. အချို့ကလဲ ၂၀၁၄ ထိ ပြသနာမရှိနိုင်သေးဘူးလို့လဲဆို ပါတယ်..
၂၀၁၀ ဒီဇင်ဘာမှာ ပါတ်ဝန်းကျင်ဆိုင်ရာခွင့်ပြုမိန့်ကို Mountain Pass အတွက်ရရှိခဲ့ပါတယ်.. ဒါပေမယ့် ပြင်ရင်းဆင်ရင်းနဲ့ပဲ ၂၀၁၂ သြဂုတ်လကျမှပဲ ဒီမိုင်းကြီးပြန်လည်လည်ပတ်နိုင်ခဲ့ပါတယ်.. အပြည့်အ၀လည်ပတ် နိုင်တာကတော့ ၂၀၁၅ မှပဲဖြစ်ပါတယ်.. ဒါပေမယ့် လပိုင်းအကြာ ၂၀၁၅ ဇွန်မှာ ဒေ၀ါလီခံလိုက်ရပါတော့တယ်..

Photo : The Molycorp Minerals rare earth mine in Mountain Pass, Calif. Credit Isaac Brekken for The New York Times

တကယ်တော့ Moly Corp ဟာ Rare earth oxide ဈေးတွေကျသွားတာရဲ့ တန်ဆာခံဖြစ်သွားခဲ့ရရှာတာပါ.. တရုတ်ဟာ သူရဲ့ REE တွေနဲ့ပါတ်သက်လို့ နိုင်ငံခြားတင်ပို့ရောင်းချမှုကို ကန့်သတ်မှုတွေလုပ်ခဲ့ကြောင်း အထက်မှာရေးထားခဲ့ပါတယ်.. သူက အရောင်းခွဲတမ်းတွေသတ်မှတ်ခဲ့တာပါ.. ဒါကိုထိခိုက်နစ်နာရတဲ့ ၀ယ်ယူသူနိုင်ငံတွေက World Trade Organization ကိုတိုင်ကြားရာက နောက်ဆုံးမှာ တရုတ်ဟာသူရဲ့ အတား အဆီးတွေကိုပြန်လည်ဖယ်ရှားပေးခဲ့ရပါတယ်.. ဒါရဲ့ အကျိုးဆက်က Rare earth ဈေးတွေကျသွားခဲ့တာပါပဲ..
ဒီရဲ့ အကျိုးဆက်က Moly Corp နဲ့ Mountain Pass ဒုက္ခအကြီးအကျယ်ရောက်သွားခဲ့ရရှာတာပါ..
Mountain Pass ရဲ့ဇာတ်လမ်းဟာ ဒီမှာတင်ပြီးဆုံးမသွားသေးပါဘူး.. ဒီမိုင်းကြီးကို ပြန်လည်ရောင်းချဖို့တင်ဒါ ခေါ်ခဲ့ပါတယ်.. သူမှာကလည်း ပြန်ဆပ်စရာကြွေးတွေတပုံတပင်နဲ့ကိုး..
ဇူလိုင် ၂၀၁၇ မှာတော့ တင်ဒါရလဒ်တွေထုတ်ပြန်ခဲ့ရာမှာ မြီရှင်ကုမ္ပဏီတွေဖြစ်တဲ့ ဆွစ်ဇာလန်စီးပွားရေးအဖွဲ့ အစည်းဖြစ်တဲ့ ERP Strategic Minerals LLP နဲ့ ၾသစေတ်းလ် Rare earth ကုမၸဏီ Peak Resources တို့က ၀ယ်ယူဖို့အဆိုပြုထားတဲ့ ပမာဏထက် ဒေါ်လာငါးသိန်းလောက်ပိုများတဲ့ ပမာဏနဲ့ MP Mine Operation LLC (MPMO) ကဆက်လက်ဆောင်ရွက်ခွင့်ရရှိသွားပါတယ်..
ပြသနာကအဲဒီမှာပြန်ရှုပ်ထွေးလာပါတော့တယ်.. တင်ဒါအောင်မြင်ခဲ့တဲ့ MPMO ထဲမှာ တရုတ် Rare earth ကုမ္ပဏီတစ်ခုဖြစ်တဲ့ Shenghe Resources ရဲ့ ငွေကြေးထည့်ဝင်မှုတွေပါနေတာပဲဖြစ်ပါတယ်.. ဒါပေမယ့် အဲဒီကုမ္ပဏီဟာ voting right မရှိတဲ့ကုမ္ပဏီလို့တော့ဆိုပါတယ်.. အချို့ကလဲ ဒီကုမ္ပဏီဟာ တရုတ်အစိုးရနဲ့ ဆက်နွယ်မှုရှိတယ်လို့လဲဆိုကြပါတယ်..
ဒီနောက်ပိုင်းမှာတော့ သတင်းတစ်ပုဒ်မှာ အမေရိကန်ကုမ္ပဏီိတစ်ခုဖြစ်တဲ့ American Element Corp. ရဲ့ CEO ဖြစ်တဲ့ Michael Silver ဟာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ထိပ်တန်းအရာရှိကြီးတွေနဲ့တွေ့ဆုံပြီး တိုင်းပြည်ရဲ့ တစ်ခုထဲသော rare earth mine ကြီးကို ပြည်သူပိုင် နိုင်ငံပိုင်အဖြစ်သိမ်းယူသင့်ကြောင်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်.. ပြီးရင် National Laboratory အဖြစ်ပြောင်းပြစ်ဖို့ပါသူက တိုက်တွန်းခဲ့တာပါ..
တကယ်တော့ တရုတ်ဟာသူရဲ့ rare earth တွေနဲ့ပါတ်သက်လို့ သတ္တုတူးဖော်ရာကစလို့နောက်ဆုံး ကုန်ချော ထုတ်လုပ်တဲ့ထိကို ကြီးစိုးထားတာပါ.. ဈေးကွက်တစ်ခုလုံးကိုချုပ်ကိုင်ထားနိုင်ပြီး နိုင်ငံတကာဆက်ဆံရေးရဲ့ လက်နက်တစ်ခုအဖြစ်ပါသုံးစွဲနိုင်တဲ့အထိရှိပါတယ်.. ဒါပေမယ့်အံ့သြဖို့ကောင်းတာက သူရဲ့ Rare earth အရင်းအမြစ်ဟာ ကမ္ဘာတစ်ခုလုံးရဲ့ ၃၅ % ပဲရှိပါတယ်..
ဒီအတွက်အမေရိကန်နဲ့ဥရောပဟာ သူတို့တိုင်းပြည်တွေအတွက်အရေးအပါဆုံးသတ္တုတွေ ကုန်ကြမ်းတွေကို သေချာစွာ စဉ်ဆက်မပြတ်သုတေသနလုပ်ပြီး ထုတ်ပြန်တာတွေ.. Supply risk များတဲ့တွင်းထွက်ကုန်ကြမ်းတွေ အတွက်အစားထိုးစရာတင်ပို့ရောင်းချသူနိုင်ငံတွေ၊ နည်းပညာတွေရှာဖွေခဲ့ကြပါတယ်..
ဒါပေမယ့် သတ္တုသိုက်တစ်ခုကို စတင်ရှာဖွေချိန်ကနေ ထုတ်လုပ် သန့်စင်နိုင်တဲ့အခြေအနေထိ အချိန်များစွာ ယူရတဲ့အတွက် ဒီ Risk ကိုလျှော့ချနိုင်ဖို့ကတော့ အမြဲအခက်အခဲရှိနေတာပါပဲ.. (ပုံမှာကြည့်ပါ)

ဒီစာစုရဲ့အစမှာ တရုတ်အမေရိကန် ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်ရဲ့ rare earth ကုန်စည်တွေကို အခွန်အခတိုး ကောက်ဖို့လျာထားတယ်ဆိုတာလေးပြန်ကောက်ပါရစေ.. ၂၀၁၈ ခု ဇူလိုင်လမှာ ထုတ်ပြန်ခဲ့တဲ့ ကနဦးစာရင်းထဲ ဒီ rare earth compound တွေကိုထည့်ထားခဲ့ပေမယ့် စက်တင်ဘာ ၂၄ မှာအသက်ဝင်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ဘီလျံ၂၀၀ရှိအခွန်တိုးမြှင့်မှုစာရင်းထဲမှာတော့ ဒီတွင်းထွက်တွေပါမလာတော့ပါဘူး.. ဒီတွင်းထွက်တွေအပြင် ခနောက်စိမ်း၊ ဘရိုက်တီး၊ ဂရပ်ဖိုက်လိုသတ္တုမျိုးတွေကိုလည်း ကင်းလွတ်ထားခဲ့တာတွေ့ရပါတယ်..
အချုပ်အားဖြင့်ပြောရရင် သတ္တုတွင်းထွက်တွေအပေါ်မှာ နိုင်ငံတစ်နိုင်ငံရဲ့မှီခိုရမှု၊ ဈေးကွက်အတွင်းနဲ့ကမ္ဘာ့နိုင်ငံ ရေးချိတ်ဆက်နေမှု၊ သတ္တုတွင်းတစ်တွင်းရဲ့ ရှင်သန်မှုအတွက်စဉ်ဆက်မပြတ်လုပ်ကိုင်နိုင်မှုတွေကို ဒီဖြစ်စဉ်တွေ ကနေ သုံးသပ်မိစေချင်ပါတယ်.. မြန်မာနိုင်ငံရဲ့အကူးအပြောင်းကာလတွေမှာ အရေးပါတဲ့ပေါ်လစီတွေချမှတ်ဖို့ ရာမှာ နေရာစုံထောင့်စုံနဲ့ စီးပွားရေးအမြင်တွေထည့်သွင်းစဉ်းစားပြီးမှန်ကုန်စွာဆုံးဖြတ်ဆောင်ရွက် နိုင်ဖို့လိုအပ်ကြောင်း မြင်သာမယ်ထင်ပါတယ်..။

မွန်းလွဲ ၁၂း၃၂ နာရီ
၁၇ အောက်တိုဘာ ၂၀၁၈
Reference:
- Why this Chinese rare earths company could be caught out in the US-China trade war (Eric Ng, South China Morning Post)
-Is the US shooting itself in the foot with tariffs on Chinese rare earth elements? (Chad Bray, South China Morning Post)
-Mountain Pass rare earth mine (Wikipedia)
-Mountain Pass sells for $20.5 million (Andrew Topf, Mining.com)
-Trump Urged by CEO to Nationalize the Only US Rare-Earths Mine (Sally Bakewell and Steven Church, Bloomberg)
-U.S. gives rare earths reprieve in revised $200 billion China tariff list (Tom Daly, Reuters)
-Rare Earth Metals and U.S. National Security (Emily Coppel)
-The Principal Rare Earth Elements Deposits of the
United States—A Summary of Domestic Deposits
and a Global Perspective (USGS)

No comments:

Post a Comment