Geology '95 Intake (Dagon University)
ကျောင်းသားကျောင်းသူဟောင်းများနဲ့တကွ ဘူမိဗေဒနဲ့ဆက်နွယ်သူအားလုံးအတွက်...အလွမ်းပြေ..အပန်းပြေ..ဗဟုသုတရ..

Friday, June 4, 2010

တက္ကသိုလ်တွေ တလောကပဲ ပြန်ဖွင့်ကြပြီ..
တက္ကသိုလ်အသီးသီးက ဘူမိကွင်းဆင်းသင်တန်းတွေလဲ ပြီးစီးလို့ စာသင်ခန်းတွေဆီပြန်လှည့်နေကြပြီပေါ့..
ဒီနှစ်နွေက တော်တော်ပူပြင်းခဲ့တော့ ကွင်းဆင်းခရီးတွေမှာ နေ့ခင်းနေအပူဆုံးအချိန်တွေမှာ
နားနားနေနေ နေပြီးမှကွင်းဆင်းခိုင်းတယ်လို့လဲကြားပါတယ်..
ဒီကြားထဲ ပုသိမ်တက္ကသိုလ် ဘူမိကွင်းဆင်းအဖွဲ့ တစ်ဖွဲ့ ပြင်ဦးလွင် ဓါတ်တော်ချိုင့်ရေတံခွန်ဘက်ကအပြန် ထော်လာဂျီမှောက်လို့ ဒဏ်ရာရသူတွေလဲရှိတယ်လို့ ၀မ်းနည်းစရာကြားရပါတယ်..
ကျောင်းနဲ့ဝေးကွာခဲ့တာကြာပြီဆိုပေမယ့် ဆရာဆရာမတွေနဲ့တစ်ခါတစ်လေတွေ့ရတော့ သတင်းတစ်ချို့ ကြားရတယ်ဆိုရင်ပဲ ကျောင်းသားဘ၀ကိုပြန်လည်တမ်းတရင်း သူငယ်ချင်းတွေကိုလွမ်းမိပါတယ်..